my third template

ကျွန်တော် လောလောလတ်လတ် ဆွဲပြီးခဲ့တဲ့ တန်းပလိတ်ကို ပြချင်ပါတယ်။ ကျွန်တော့်ရဲ့ ကိုယ်ကိုတိုင် ဖန်တီးခဲ့တဲ့ အနုပညာတခုလဲဟုတ်ပါတယ်။ ကျွန်တော်ရဲ့ တတိယဆွဲခဲ့တဲ့ တန်းပလိတ်ဆိုလဲဟုတ်ပါတယ်။ အဲဒါလေးကို အမတာအတွက် ဆွဲခဲ့တာပါ။ ဟောဒီနေရာလေးမှာကြည့်နိုင်ပါတယ်။ ပထမဆွဲဖူးတာကတော့ ကျွန်တော့်ဘလော့မှာ အခုသုံးနေတဲ့ဟာပါ။ ဒုတိယတန်းပလိတ်ကတော့ ကျွန်တော်စဆွဲပေမယ့် အတော်များများကို ကိုဒီရေနဲ့ ကိုမိုးသွေးက ထပ်ပြင်ထားပါတယ်။

အရိုးရှင်ဆုံးနဲ့ စိတ်အေးချမ်းသားမှု ပေးစွမ်းနိုင်တဲ့ အခြေအနေဖြစ်အောင် တစ်ပတ်လောက် အချိန်ယူပြီး ဟိုနေရာလေးပြင်လိုက် ဒီနေရာလေးပြင်လိုက်နဲ့ စိတ်ရောကိုယ်ပါနှစ်ပြီး ဆွဲခဲ့တာမို့လို့ ကျွန်တော့်အတွက် ရင်ကဖြစ်သော အနုပညာတခုပါပဲ။ ဆွဲဖြစ်သွားတာကတော့ အမတာက သူ့တန်းပလိတ်ကို ပြင်ပေးဖို့ အကူအညီတောင်းတာနဲ့ ကျွန်တော်က ကိုယ်တိုင်ဆွဲပေးမယ်ဆိုပြီး နောက်နေ့မှာ စတင်ဆွဲခဲ့ပါတယ်။ စစချင်းအနေနဲ့ အစအဆုံးကို မရေးချင်လို့ (တချို့ကိုလဲ မရေးတတ်ပါ) ကျောရိုး တန်းပလိတ်ကို လိုက်ကြည့်ခဲ့ပါတယ်။ ကျွန်တော့်တန်းပလိတ်ကို ကျောရိုးယူမလားဆိုတော့ ရပါတယ်။ ကျွန်တော်အခုသုံးနေတဲ့ တန်းပလိတ်ကလဲ ကျွန်တော်ကိုယ်တိုင်ဆွဲခဲ့တာပါပဲ။ ဒါပေမယ့် သုံးတဲ့အတွက် ပြင်ဆင်ရခက်လို့ တခြားကိုပဲရွေးခဲ့ပါတယ်။ အဲဒီမှာ blueday တန်းပလိတ်က လိုချင်တဲ့ အချက်တွေ တွေ့ပါတယ်။ အဲဒါနဲ့ အဲဒီနေ့ညမှာ ဖြုတ်သင့်တာဖြုတ် တတ်သင့်တာတတ်နဲ့ လိုချင်တဲ့ကျောရိုးကိုစိတ်တိုင်းကျ ပြီးသွားပါတယ်။

နောက်တနေ့မှာတော့ ခေါင်းပိုင်းပုံလေးအတွက် လိုက်ရှာပါတယ်။ အမတာက ဂစ်တာပုံလေး ကြိုက်တယ်ဆိုလို့ပါ။ ကြိုက်တဲ့ပုံလေးတွေ့တော့ ပိုင်ရှင်ဆီမှာ ပထမဆုံးလှမ်းတောင်းပါတယ်။ နှစ်ရက်လောက် နေပြီးတော့မှ သုံးချင်သုံးပါဆိုပြီးပြောတဲ့ မေးကိုပြန်ရပါတယ်။ အဲဒီမှာ ပုံကိုဖြတ်ညှပ်ကပ် စလုပ်ပြီးတော့ နောက်ဆုံးအဲဒီပုံ ထွက်လာပါတယ်။ နဂိုပုံဆိုဒ်က desktop background ပုံပါ။

နောက်တရက်မှာတော့ အရောင်တွေချိန်ပါတယ်။ လုပ်ဖူးတဲ့သူဆိုရင်တော့ သိမှာပါ။ အောက်ခံအဖြူရောက်ဆို ကိစ္စသိပ်မရှိပါဘူး။ တခြားအရောင်ဆို အတော်ချိန်ရခက်ပါတယ်။ ကျွန်တော့်ဟာက ခေါင်းပိုင်းက အစိမ်းနဲ့ မိန်းနေရာက အဖြူကိုအောက်ခံ အစိမ်ဖောက်ထားတာပါ။ ဟိုအရောင်လေးထည့်ကြည့်လိုက်၊ ပြန်ပြောင်းလိုက်နဲ့က နှစ်ရက်လောက်ကုန်သွားပါတယ်။ ကြည့်လိုက်ရင် အစိမ်းတွေချည်း ထင်ရပေမယ့် အစိမ်းရောင် တရောင်နဲ့တရောင် မတူတာတွေ့မှာပါ။ အရောင်ရွေးတော့ အဓိကအနေနဲ့ warm color တွေရှောင်ပါတယ်။ စိတ်ကြွစေလို့ပါ။ cool color ဖြစ်တဲ့ အစိမ်းမျိုးစုံရယ် အပြာနုရယ် တခြားအရောင်တွေပဲ ထည့်ဖြစ်ခဲ့ပါတယ်

အရောင်ပြီးတော့ လုပ်တာက ဆိုဒ်ဘားနေရာတွေပါ။ ဘယ်ညာတခုစီထည့်ကြည့်တယ်။ ကြည့်မကောင်ဘူး ဖြစ်နေတယ်။ ဘယ်မှာ ထားကြည်တယ်။ ဖတ်တဲ့သူက ပို့စ်ဘက်ကို စိတ်မရောက်ဘူး ဖြစ်သွားသလိုထင်ရတယ်။ အဲဒီနောက် ညာမှာ ထားကြည့်တော့ မဆိုးဘူး။ အဲဒါပြီတော့ ဆိုဒ်ဘားက သိပ်ကျဉ်းနေရင် သိပ်မကောင်းတာနဲ့ ၂၅၀px ထားလိုက်တယ်။ ပြီးတော့ ဆိုဒ်ဘားမှာလိုတဲ့အရောင်တွေကို ချိန်တယ်။ အောက်ခံပုံအဖြစ်စဉ်းစားတော့ main post နဲ့ သိပ်ပြီးမကွာချင်တာနဲ့ ခပ်ရေးရေး ရေစာလိုမျိုးပုံလေးပဲ ထည့်လိုက်တယ်။

နောက်တနေ့ကျတော့ menu bar လေးကို ကိုမိုးသွေးကို လုပ်ပုံလုပ်နည်းမေးပြီး ထည့်လိုက်တယ်။ အဲဒီမှာအောက်ခံပုံကိုရွေးရတာ အတော်ခက်တယ် နောက်ဆုံးကျတော့ ခေါင်းပုံက အပိုင်းလေးကို ဖြတ်ပြီး လုပ်လိုက်တယ်။ ဒုတိယအောက်ခံအဖြစ် အစိမ်းတောက်တောက်လေးကို ရွေးလိုက်တယ်။
နောက်ပြီတော့ TOC လေးလုပ်လိုက်ပါတယ်။ နောက်တခုအနေနဲ့ လေဘယ်တခုကို နှိပ်လိုက်ရင် အထဲကပို့တွေ၊စာတွေအကုန်မြင်ရင် ကြည့်မကောင်းလို့ ခေါင်းစဉ်တွေပဲတန်းစီအောင် လုပ်လိုက်ပါတယ်။ (သူငယ်ချင်းတယောက်ပြသွားတာပါ)။အဲဒါပြီးတော့ တပြင်လုံးကိုပြန်ကြည့်ပြီး ဟိုချိန်ဒီချိန်နဲ့ ကလိတာက သုံးရက်လောက် ကြာသွားတယ်:D။ ဆွဲဖူးသမျှတွေနဲ့ မတူထူးခြားအောင်လို့ဆိုပြီး outer wrapper အနားလေးကို အစိမ်းရောင် ထပ်ကွပ်ပေးလိုက်ပါတယ်။ အညိုရောင် အရိပ်လေးပေါ်အောင်ပြီးလဲ 2px လောက် outer wrapper အောက်မှာခံထားတာတွေ့မှာပါ။

နောက်ဆုံးလုပ်တာကတော့ sidebar နေရာအသစ်တွေထပ်ထည့်တာပါ။ ခေါင်းပိုင်းအောက်မှာနေရာတခု၊ တန်းပလိတ်အဆုံးမှာ တခု၊ ပို့စ်နဲ့ဆိုဒ်ဘားအောက် ကပ်ရက်မှာ ဆိုဒ်ဘားအသေးလေးသုံးခု ထပ်ထည့်လိုက်ပါတယ်။ ဆိုဒ်ဘားအသေးလေးတွေကိုတော့ ဓာတ်ပုံထည့်ဖို့ ရည်ရွယ်ချက်နဲ့ပါ။ အခုလဲထည့်ထားပါတယ်။

အကုန်လုံးလဲပြီရော မြင်တဲ့အတိုင်း တန်းပလိတ်လေးဖြစ်လာပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ဖန်တီးခဲ့တဲ့ အရာမိုလို့ ကျွန်တော့်အတွက် အနုပညာတခုဆိုလဲ မမှားပါဘူး။

ကူညီပေးခဲ့တဲ့ ကိုမိုးသွေးနဲ့ မလေးသူငယ်ချင်းတယော်ကို ဒီကပဲ ကျေးဇူးတင်ပါတယ်။
ဒီပိုစ်လေးကိုဖတ်ဖြစ်မယ်ဆို သွားကြည်ပြီး ဝေဖန်ပေးပါအုံးလို့။ ဒါပေမယ့် internet explorer နဲ့ မဟုတ်ပဲ ကျန်တာနဲ့ကြည့်ပါလို့။ IEက ကောင်းကောင်း support မလုပ်တဲ့တချို့တွေကိုသုံးထားလို့ပါ။

အားလုံးကိုကျေဇူးတင်လျှက်
ဖြိုးဝေတိုး


3 သံလေးကြားလိုက်ရတယ်: to “ my third template

  • kaungkinpyar
    July 10, 2009 7:57 AM  

    အပြာရောင် ကြိုက်သူဆိုတော့ ဒီကို ခနခန ရောက်မိပါတယ်၊ အိမ်လေးလှလွန်းလို့ ၊ ခု ကိုယ်တိုင်လုပ်ထားတယ် ဆိုတော့ ထပ်ချီးကျူးသွားပါတယ်၊ တော်တယ်နော်၊ တာတာ့အိမ်လေးလဲ သွားကြည့်ခဲ့ပါတယ်

  • Craton
    July 12, 2009 12:54 PM  

    နာလည်း အပြာရောင်ကြိုက်၏.. လွင်လွင်လေးနဲ့လှတယ်ကွာ..

  • ဧရာဝတီသား
    August 1, 2009 4:13 AM  

    ကိုယ်တိုင်ဆွဲတဲ့ template ဆိုတာသိရလို့ လေးစားပါတယ်ဗျာ။

 

တန်းပလိတ်ကို ကျွန်တော်ကိုယ်တိုင်ပဲ သူငယ်ချင်းတယောက်အကူအညီနဲ့ ဆွဲထားတာပါ။ လာလည်သူအပေါင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။ မင်္ဂလာအပေါင်းနဲ့ ခညောင်းကျပါစေ .....ခင်မင်စွာဖြင့် ဖြိုးဝေတိုး(MoetAin)