သို့

i do not post any of my arts on my blog since 12.10.09..but i wouldn't stop writing. so if u want still want me to share u, plz contact me to send u. thz.

ဆက်ဖတ်ချင်သေးရင်

လင့်လေးချိတ်ဖို့


ပျို့ရှင်

ပျို့ရှင်ရှင် နေမကြိုခင်
တမူပိုကြူးလှမ်းခဲ့လမ်းသဟာ
ပန်းကြာမြင့် တင့်လေပ
ပင့်လေတဲ့လူကလဲများ
အခါးနဲ့အသား ကြားဖက်က
ဆားပတ်မဝင်နိုင်တော့
ပုတ်လေမှ အယုတ်လေတ
ခွေးတချို့ကလဲ ဆွဲဖို့ပြင်။

ဖြိုးဝေတိုး ၁၂.၁၀.၀၉

ဆက်ဖတ်ချင်သေးရင်

လင့်လေးချိတ်ဖို့


ကောင်းကင်

ကောင်းကင်အလွှာပါးကို
ငါ့ရင်ဒဏ်ရာခါးခါးနဲ့လွှမ်းခြုံဖို့
လမ်းလျှောက်ကြိုးစားရင်း
မြေပြင်နဲ့မအပ်စပ်တဲ့
ကောင်းကင်ရဲ့အချက်တွေကိုနားလည်ခဲ့ရပြီ။

၇.၁၀.၀၉ ဖြိုးဝေတိုး

ဆက်ဖတ်ချင်သေးရင်

လင့်လေးချိတ်ဖို့


နွံသဲ

ပြန်တိုးဖို့လက်တစုံကိုတောင်
ငါတဖန်မရိုးသလိုလန့်ခုန်မိတယ်
ကန့်လန့်ကာအပြုံးတွေရဲ့နောက်
ငါ့ရင်ကိုအဆုံးနှင်လိုက်တော့
ကမ္ဘာတဘက်ကမ်းက
ကျုံးရင့်ရင့်တင်းဖို့ခံထားတဲ့
နွံသဲပမာပဲ။

ဖြိုးဝေတိုး ၈.၁၀.၀၉

ဆက်ဖတ်ချင်သေးရင်

လင့်လေးချိတ်ဖို့


သက်တန့်

သက်တန့်တစင်းကို
လေညှင်းဖြတ်သွားတာတွေ့တယ်။
ရေမှုန်တွေရဲ့အလင်းယိုင်မှုကို
ငါမျက်လုံးတွေက
မခွဲခြားနိုင်တော့လည်း လှတာပေါ့။
ဒီလိုပဲ မိုးရွာလိုက် သက်တန့်ဝင်လိုက်နဲ့
ဘဝဟာ နေမဝင်ခင်ထိပေါ့။

ဖြိုးဝေတိုး ၆.၁၀.၀၉

ဆက်ဖတ်ချင်သေးရင်

လင့်လေးချိတ်ဖို့


စွန်

စွန်တဆင်းပေါ့
မထိန်းနိုင်တဲ့ ကြိုးတခုကိုမှီပြီး
တင်းလွန်းပြန်တော့ပြတ်သွားတယ်။
ခဏခဏတွေ့ရတဲ့သူတွေ
ဒီလိုပဲ တစတစနဲ့ဝေးကွာသွားလိုက်တာ
ခဏခဏပါပဲ။

ဖြိုးဝေတိုး ၆.၁၀.၀၉

ဆက်ဖတ်ချင်သေးရင်

လင့်လေးချိတ်ဖို့


အဲဒီနေ့ကပေါ့

အဲဒီနေ့ကပေါ့
နှင်းမြူတွေကြွေနေသလို
ငါ့ရင်တွေလဲထွေနေတယ်။
နေခြည်ဖြိုခွင်းမှုရဲ့
နှင်းရည်စက်အပြုံးတွေကို
အရူးအမူးတမ်းတရသူဆိုတော့
အစိမ်းမခတ်တဲ့
ရင့်သတ်သတ်လေကိုတောင်
အနိုင်နိုင်ရှုရဆဲ။

ဖြိုးဝေတိုး ၅.၁၀.၀၉

ဆက်ဖတ်ချင်သေးရင်

လင့်လေးချိတ်ဖို့


 

တန်းပလိတ်ကို ကျွန်တော်ကိုယ်တိုင်ပဲ သူငယ်ချင်းတယောက်အကူအညီနဲ့ ဆွဲထားတာပါ။ လာလည်သူအပေါင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။ မင်္ဂလာအပေါင်းနဲ့ ခညောင်းကျပါစေ .....ခင်မင်စွာဖြင့် ဖြိုးဝေတိုး(MoetAin)